Print

ဆံသားဆုံးရှုံးမှု လျှော့ချနိုင်မည့် နည်းလမ်းများ

  01-Mar-2017
Preview Image

 

လူတစ်ယောက်မှာ တစ်နေ့ကို ဆံခြည်မျှင်တစ်ရာလောက် ကျွတ်နေတတ်ပါတယ်။ ဆံသားကျွတ်တာနဲ့အတူ ကျွတ်တဲ့နေရာမှာ အစားထိုးပြီး ဆံပင်ပြန်ပေါက်လာပါတယ်။ ဒါက အမြဲလည်ပတ်နေတဲ့ သံသရာပါ။ ဒါပေမယ့် သင့်ခန္ဓာကိုယ်မှာ အာဟာရဓာတ် ချို့ယွင်းတာဖြစ်စေ၊ကျန်းမာရေးနှင့် မညီညွတ်တဲ့ အကြောင်းအချက် တစ်ခုခုရှိတာဖြစ်စေ၊ ကျန်းမာရေးချို့တဲ့မှု တစ်စုံတစ်ခုရှိလို့ ဆေးဝါးတွေ မှီဝဲနေရရင်ဖြစ်စေ ဆံသားတွေက ဆုံးရှုံးသွားတဲ့နေရာမှာ ပြန်လည်ဖြည့်စွက် မပေးတော့ဘဲ ကြာလာတဲ့အခါမှာ ဆံသားပါးလာကာ ဆံသားတွေ ဆုံးရှုံးရပါတော့တယ်။ ဆံသားဆုံးရှုံးမှုအတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့လိုပါတယ်။

 

ဦးရေပြားကို ဆီဖြင့်နှိပ်နယ်ပေးပါ

သံလွင်ဆီ၊ ဗာဒံစေ့ဆီ၊ အုန်းဆီစတဲ့ ဆီတစ်မျိုးကို အသုံးပြုပြီး သင့်ရဲ့ ဦးရေပြားပေါ်မှာ မိနစ်အနည်းငယ်လောက် နှိပ်နယ်ပေးတာမျိုး ပြုလုပ်ပေးတာက သင့်ဆံသားတွေကို ပြန်လည်အားဖြည့်ပေးနိုင်ပါလိမ့်မယ့် အမျိုးသားတွေက အမျိုးသမီးတွေထက် ခေါင်းလျှော်တဲ့ အကြိမ်ရေ ပိုများတတ်တာကြောင့်ခေါင်းမလျှော်ခင်အချိန်တိုင်း ဆီတစ်မျိုးနဲ့ နှိပ်နယ်ပြီးမှ လျှော်ပါ။

 

ရေစိုစိုဖြင့် ခေါင်းဖြီးခြင်း

ခေါင်းလျှော်ရင်း ခေါင်းဖြီးတတ်တဲ့ အကျင့်ကို ရှောင်ပါ။ ခေါင်းလျှော်နေချိန်နဲ့ ဆံသားတွေ စိုစွတ်နေတုန်းမှာ ခေါင်းဖြီးတာကြောင့် သင့်ဆံသားကို ပိုမိုကျွတ်ထွက်စေနိုင်ပါတယ်။ ခေါင်းလျှော်ပြီး ဆံသားခြောက်သွေ့တော့မှ ဆံပင်ပုံသွင်းပါ။ မကြာခဏဆိုသလို ခေါင်းဖြီးတတ်တဲ့အကျင့်ကလည်း ဆံသားဆုံးရှုံးစေတာကြောင့် သတိထားပါ။ လက်ဖက်စိမ်း အသုံးပြုပါ။ လေ့လာမှုတွေအရ လက်ဖက်စိမ်းက ဆံသားဆုံးရှုံးမှုအတွက် အကောင်းဆုံး အားဖြည့်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ရေနွေးတစ်ခွက်ထဲမှာ လက်ဖက်စိမ်း လက်ဖက်ခြောက်ထုပ် နှစ်ထုပ် စိမ်ထားပြီး ရေနွေးအေးသွားချိန်မှာ ဦးရေပြားနဲ့ ဆံသားတွေပေါ်ကို ရွှဲနေအောင်လိမ်းထားလိုက်ပါ။ ခေါင်းလျှော်ပြီးချိန်မှာလည်း လိမ်းနိုင်ပါတယ်။ ခဏနေပြီးမှ ဆံသားတွေကို ခြောက်အောင် သုတ်ပါ။ တစ်ခါပြုလုပ်ထားရင် ၁၀ ရက် အသုံးခံပါတယ်။

 

ရေဓာတ် ထိန်းသိမ်းပါ

ရေသောက်နည်းတာကလည်း ဆံသားနဲ့ သင့်အရေပြားတွေကိုခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေက ရေထက် အချိုရည်နှင့် အရက်ပါဝင်တဲ့ ဖျော်ရည်တွေကို ပိုသောက်တတ်ကြတဲ့ အတွက် ရေဓာတ် ပိုမို ခန်းခြောက်တတ်ပါတယ်။ ရေဓာတ်ပြည့်ဝနေစေဖို့ တစ်နေ့ကို ရေနှစ်လီတာလောက်တော့ မဖြစ်မနေသောက်ပါ။ အရက်သောက်ချိန်မှာ ရေပိုသောက်ပေးဖို့ လိုပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, Septmber 2015, Pg. 171

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18